ကျောင်းမိတ်ဆက်

"About Metro"

ကွန်ပျူတာကုမ္ပဏီကြီးမှ တည်ထောင်ဖွင့်လှစ်ထားသည့် သင်တန်းကျောင်း

Metro IT & Japanese Language Centreသည် ကွန်ပျူတာ ကုမ္ပဏီကြီးမှ တည်ထောင်ဖွင့်လှစ်ထားသည့် သင်တန်းကျောင်းတစ်ကျောင်း ဖြစ်ပါသည်။ Metro Groupသည် Softwareရေးသားခြင်းကို အဓိကဆောင်ရွက်သော Metro Computer Service ၊စာအုပ်ရောင်းချခြင်းလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်သောKawasaki Industries ၏ Metroစာအုပ်ဆိုင်လုပ်ငန်း၊ Metro လူ့စွမ်းအားအရင်းအမြစ် ဗဟိုဌာနတို့မှ ဖွဲ့စည်းတည်ထောင်ထားသည့် စီးပွားရေးလုပ်ငန်းစုကြီးဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ကွန်ပျူတာပညာရှင်များ လိုအပ်ချက်ကိုဖြည့်ဆည်းနိုင်စေရန်အလို့ငှာ Metro Computer Service ၏ ပညာရေးလုပ်ငန်းအစိတ်အပိုင်းတစ်ခုအဖြစ် Metro IT & Japanese Language Centre ကို တည်ထောင်ခဲ့ ပါသည်။

ウェブエンジ二ヤコース(2年)

ウェブエンジ二ヤコース(2年)

ကျောင်းအုပ်ကြီး ဦးမင်းသုခ၏ နှုတ်ခွန်းဆက်စကား

Education 4.0 ကိုရောက်ရှိလာတဲ့ နည်းပညာခေတ်ကြီးမှာ လူငယ် တွေဟာ နည်းပညာရပ်တွေကို အပြိုင်အဆိုင် လေ့လာသင်ယူနေကြ ပါတယ်။ ဒီကနေ့ခေတ် မြန်မာလူငယ်တွေဟာ သင်ယူတတ်မြောက် လွယ်ကြတာကို တွေ့ရပါတယ်။ အထူးသဖြင့် IT ပညာရပ်ကို အမှန် တကယ် စိတ်ဝင်စားတဲ့ လူငယ်လေးတွေဟာ အချိန်တိုအတွင်းမှာပဲ ကျွမ်းကျင်အဆင့်အထိ တတ်မြောက်ရောက်ရှိသွားတာကိုလက်တွေ့ မြင်တွေ့နေရပါတယ်။ ဂျပန်နိုင်ငံသွားမယ်ဆိုရင် မဖြစ်မနေ သင်ရမဲ့ ဂျပန်ဘာသာစကားဟာဆိုရင်လဲ သဒ္ဒါဖွဲ့စည်းပုံအရ မြန်မာဘာသာ နဲ့ ထပ်တူနီးပါး ရှိတာမို့ သင်လွယ် တတ်လွယ်ကြပါတယ်။ ဂျပန် နိုင်ငံမှာ IT ပညာရှင်အဖြစ်နဲ့ ထည်ထည်ဝါဝါ လုပ်ကိုင်မယ် ဆိုရင် တော့ ဂျပန်နိုင်ငံက အသိအမှတ်ပြုတဲ့ IT Engineer အောင်လက် မှတ်နဲ့ ဂျပန်ဘာသာ အရည်အချင်းစစ် အောင်လက်မှတ်များ ပိုင် ဆိုင်ထားဘို့ လိုအပ်ပါတယ်။ အဲ့ဒီ အောင်လက်မှတ်တွေ ပိုင်ဆိုင် ရရှိနိုင်အောင် Metro က လေ့ကျင့် သင်ကြားပေးနေပါတယ်။၂၀၁၅ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ ကျွန်တော် တို့ရဲ့ Metro IT and Japanese Language Centre ဟာ သင်တန်း ကာလ (၂) နှစ် အတွင်းမှာ ဒီလိုမျိုး အရည်အချင်းပြည့်ဝတဲ့ IT ပညာရှင်တွေကို မွေးထုတ်ပေးနေတာဖြစ်ပြီး ကျောင်းဆင်းများဟာ ပြည်ပနိုင်ငံ အပါအဝင် ပြည်တွင်းက ဂျပန် ကုမ္ပဏီတွေ၊ မြန်မာကုမ္ပဏီတွေမှာပါ ပညာရှင် အဖြစ် ဂုဏ်ယူဝင့်ကြွားစွာနဲ့တာဝန်ထမ်းဆောင်နေကြပြီ ဖြစ်ပါတယ်။ ခုဆိုရင် ရန်ကုန်မြို့လယ်ဖြစ်တဲ့ ပန်းဆိုး တန်းနဲ့ (၃၆)လမ်းမှာ သင်တန်းကျောင်းတွေ ဖွင့်လှစ်ထားသလို မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော်ဖြစ်တဲ့ မန္တလေး မြို့ မှာလည်း ကျောင်းခွဲတစ်ခုကို ဖွင့်လှစ်သင်ကြားနေပြီဖြစ်ပါတယ်။ မိဘတွေအနေနဲ့ ပညာရဲ့တန်ဖိုးကို သိမြင် လို့ မိမိတို့ရဲ့ ရင်သွေးတွေကိုကောင်းမွန်တဲ့ နေရာဌာနမှာ အပ်နှံပြီးနောင်တစ်ချိန်မှာ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်စေဖို့ ဆောင်ရွက်ကြတာဖြစ်ပေမဲ့ တကယ်ပဲ IT ပညာရပ်မှာ ဝါသနာပါပြီး တီထွင်ကြံဆတဲ့ စိတ်ရှိမှ သာလျှင် ပညာဆည်းပူးရာမှာ အဆင်ပြေနိုင်မှာကို သတိချပ်စေချင်ပါတယ်။ မိဘတွေအနေနဲ့လည်းမိမိ ရင်သွေး ပညာရေးမှာ တစ်ဖက်တစ်လမ်းက ဝိုင်းဝန်းထိန်းကျောင်းပေးတာမျိုး မရှိရင်တော့ ကလေးတွေ အနေနဲ့ ပင်ပန်း ကြီးစွာ ပညာရှာရတဲ့ အဖြစ်မျိုးရောက်ပြီး မျှော်လင့်ထားသလို ဖြစ်မလာပဲ အချိန်တွေကုန်၊ အကျိုးမရှိ ဖြစ်ပါ လိမ့်မယ်။ ကျွန်တော်တို့ကျောင်းအနေနဲ့ကတော့ မိမိဘဝအနာဂတ်အောင်မြင်အောင် ကြိုးစားချင်စိတ်ရှိတဲ့ မြန်မာလူငယ် IT အင်ဂျင်နီယာ ပညာရှင်တွေကို မွေးထုတ်ပေးနေတယ်ဆိုတာကိုပဲ ဂုဏ်ယူနေမိပါတယ်။

Metro ကျောင်း၏ အားသာချက်များ

IT နှင့် ဂျပန်စာကို အတူတကွလေ့လာနိုင်ခြင်း

Metro ကျောင်းတွင် IT နှင့် ဂျပန်စာကို အတူတကွလေ့လာနိုင်သော Special Program ကို စီစဉ်ထားပါသည်။ ဘာသာရပ်နှစ်ခုစလုံးကို ဟန်ချက်ညီသင်ကြားပေးပြီး ၂ နှစ်တာ အချိန်တိုအတွင်း၌ပင် လုပ်ငန်းခွင်ဝင်ရန် အဆင့်သင့်ဖြစ်နေပါသည်။

ITPEC စာမေးပွဲ၏မြန်မာတစ်နိုင်ငံ ပျမ်းမျှအောင်ချက်ရာခိုင်နှုန်း 60.5%

နှစ်စဉ် ဧပြီ လနှင့် အောက်တိုဘာ လတွင် ကျင်းပသော အာရှ ၈ နိုင်ငံအသိအမှတ်ပြုစာမေးပွဲ ( ITPEC ) ၌ Metro ကျောင်း၏ 2016 ခုနှစ်တွင် တစ်နိုင်ငံလုံး ပျမ်းမျှအောင်ချက်ရာခိုင်နှုန်း 60.5% နှင့် 2017 ခုနှစ်တွင် 70% ထိရာခိုင်နှုန်းတိုးတက်လာကာ မြန်မာတစ်နိုင်ငံလုံး IP High Score Passers Top 3 တွင်လည်း 2016 နှင့် 2017 နှစ်နှစ်စလုံး Metro ကျောင်းမှ ကျောင်းသားများက ဆွတ်ခူးရယူနိုင်ခဲ့ပါသည်။

အဆင့်မြင်အသိအမှတ်ပြု အောင်လက်မှတ်များက လွန်စွာ အထောက်အကူပြုခြင်း

Metro ကျောင်းသည် IT နှင့် ဂျပန်ဘာသာရပ်တို့၏ အဆင့်မြင်အသိအမှတ်ပြု အောင်လက်မှတ်များကို ရရှိစေရန် သင်ကြားပေးလျှက်ရှိပါသည်။ IT ဘာသာရပ်တွင် ITPEC စာမေးပွဲ၏ FE အောင်လက်မှတ်၊ ဂျပန်စာအရည်အချင်းစစ်စာမေးပွဲ N2 အောင်လက်မှတ်များအထိ ရရှိနိုင်သော Program ဖြစ်ပြီး ထိုလက်မှတ်များသည် အလုပ်လျှောက်ထားရာတွင် လွန်စွာ အထောက်အကူပြုမည်ဖြစ်ပါသည်။

အဝေးသင်တက္ကသိုလ်တက်ရောက်ရင်းနှင့်Metroကျောင်းတွင်စာလေ့လာနိုင်ခြင်း

အဝေးသင်တက္ကသိုလ်တက်ရောက်ရင်း Metro တွင် ကျောင်းတက်နေသော ကျောင်းသား၊ကျောင်းသူ မြောက်မြားစွာရှိပါသည်။ တစ်ဖက်တွင် တက္ကသိုလ်ဘွဲ့လက်မှတ်ကိုရရှိရန် ကြိုးပမ်းရင်းနဲ့အတူ ကျန်တစ်ဖက်တွင် Metro တွင်လည်း လက်တွေ့ကျသော IT နည်းပညာရပ်များကို လေ့လာလျှက်ရှိပါသည်။

သက်တောင့်သက်သာဖြင့် စာပေလေ့လာနိုင်ခြင်း

စာသင်ခန်းအားလုံးတွင် Aircon, Projector များ တပ်ဆင်ထားသောကြောင့် သက်တောင့်သက်သာဖြင့် စာပေလေ့လာသင်ယူနိုင်မည်ဖြစ်ပါသည်။

ကုန်ကျစရိတ် 7% ဖြင့် တူညီသောIT ပညာရပ်မျာအားသင်ယူတတ်မြောက်နိုင်ခြင်း

ယခင်က ဂျပန်နိုင်ငံ၏ အဆင့်မြင့် IT နည်းပညာရပ်ကို သင်ယူတတ်မြောက်နိုင်ရန်အတွက် ဂျပန်နိုင်ငံသို့ ပညာသင်သွားရောက်ပြီး ဂျပန်စာကိုလေ့လာကာ ကောလိပ်ကျောင်းများတွင် ဆက်လက်လေ့လာသင်ယူကြရပါသည်။ Metro ကျောင်းတွင် အလားတူ IT ပညာရပ်များအား ကုန်ကျစရိတ် 7% ဖြင့် သင်ယူတတ်မြောက်နိုင်ပါသည်။

ကျောင်းသားတစ်ယောက်ချင်းစီအသေးစိတ်support!

ကျောင်းသား၊ကျောင်းသူတစ်ဦးချင်းအလိုက် ဆွေးနွေးပေးမှု၊ ကျောင်းတွင်းစာမေးပွဲများ၏ အရည်အချင်းစစ် အကြောင်းကြားစာကို မိဘအုပ်ထိန်းသူများထံသို့ ပုံမှန်ပေးပို့ပေးခြင်း စသည့်တို့ကို အသေးစိတ် လုပ်ဆောင်ပေးသွားပါမည်။ သင်တန်းကျောင်းပြီးမြောက် အောင်မြင်သွားသည့်အခါ၌လည်း ဂျပန်စီးပွားရေးလုပ်ငန်းများသို့ လုပ်ငန်းခွင်ဝင်ရောက်နိုင်ရန် အလုပ်အကိုင် ရှာဖွေပေးရေးကို Metro သင်တန်းကျောင်းမှ ကူညီဆောင်ရွက်ပေးသွားပါမည်။

ဂျပန်နိုင်ငံကျောင်းနှင့်တူညီသောအောင်လက်မှတ် အပ်နှင်းခြင်း

IT ဘာသာရပ်ကို ဂျပန်နိုင်ငံ Metro General Business College ၏ သင်ရိုးညွန်းတမ်းများအတိုင်း သင်ကြားပေးသွားပါမည်။ ကျောင်းပြီးဆုံးပါက ဂျပန်နိုင်ငံ College ကျောင်းမှ ကျောင်းဆင်းသည့်နှင့်အလားတူ အသိအမှတ်ပြုအောင်လက်မှတ် ( Diploma ) ကို အပ်နှင်းပါမည်။

Native ဆရာများနှင့်အတူ မြန်မာလူမျိုးဆရာများ ပူးတွဲသင်ကြားပေးခြင်း

Metro သင်တန်းကျောင်းသည် IT နှင့် ဂျပန်ဘာသာစကားကို တွဲလျှက်သင်ကြားပေးနေပါသည်။ ဂျပန်စာသင်တန်းတွင် ဂျပန် Native ဆရာများနှင့်အတူ မြန်မာလူမျိုးဆရာများပါ အတူတကွပူးတွဲ၍ စနစ်တကျသင်ကြားပေးလျှက်ရှိပါသည်။

အထွေထွေသင်ခန်းစာများ

IT နှင့် ဂျပန်ဘာသာရပ်အပြင် Business Manner နှင့် ဂျပန်ယဉ်ကျေးမှုများ၊ Life Planning ၊ Self Relization စသည့် အထွေထွေဗဟုတုသ များကိုပါ သင်ကြားရန်စီစဉ်သင်ကြားပေးသွားပါမည်။

School Gallery

MYANMAR JAPANESE ENGLISH