System Creator Course

"Man is the most extraordinary computer of all."

System Creator Course(2 year course)

IT ကျွမ်းကျင်ပညာရှင်အဖြစ်သို့

IT လုပ်ငန်းတွေကိုနှစ်ပေါင်းများစွာလုပ်ကိုင်လာသည့်Metro Group က တည်ထောင်ထားသော Metro ကျောင်းက IT လုပ်ငန်းများတွင် အမှန်တကယ် လိုအပ်သော ပညာရပ်များကို သင်ကြားပေးနိုင်ပါသည်။ ဒါကြောင့် IT ပညာရှင်အဖြစ် တက်ကျွမ်းရမည့် လက်တွေ့ဘာသာရပ်များသာမက အမှန်တကယ် လုပ်ငန်းခွင်တွင် ကြုံတွေ့ရမည့် ဗဟုသုတများကိုပါ သင်ကြားပေးမှာဖြစ်ပါတယ်။ ဒီကျောင်းမှာ ဂျပန်နိုင်ငံ၏ National Exam ဖြစ်သော ITPEC Exam ကို အောင်မြင်နိုင်ရန်အတွက် အထူးလေ့ကျင့်သင်ကြားပေးပြီး ကမ္ဘာအရပ်ရပ်မှာ ရပ်တည်နိုင်မည့် IT ပညာရှင်များကို မွေးထုတ်ပေးနေပါတယ်။

システムクリエーターコース(2年)

သင်ယူရမည့်အကြောင်းအရာ

ITPEC Exam Preparation
ITPEC 試験対策

ITPEC စာမေးပွဲသည် ဂျပန်နိုင်ငံ၏ National Exam တစ်ခုဖြစ်ပြီး အာရှ ၈ နိုင်ငံက အသိအမှတ်ပြု ကျင်းပပြုလုပ်လျှက်ရှိသည့် International IT Exam တစ်ခုဖြစ်ပါသည်။ IT ကုမ္ပဏီများတွင် အလုပ်အကိုင်ရရှိရန်အတွက် အထောက်အကူပေးမည့် ကျယ်ပြန့်လှသော IT နည်းပညာရပ်များကို မေးမြန်းစစ်ဆေးသည့် စာမေးပွဲလည်းဖြစ်ပါသည်။ ထို့ကြောင့် Software, Hardware ဘာသာရပ်များအပြင် Management, Strategy ဘာသာရပ်များကိုပါ လေ့လာသင်ယူပြီး စာမေးပွဲဝင်ရောက် ဖြေဆိုနိုင်ရန်အတွက် သင်ကြားပို့ချပေးလျှက် ရှိပါသည်။

Java Basic
JAVAベーシック

ပထမစာသင်နှစ်၏ တစ်နှစ်ပတ်လုံး Java နှင့် ပတ်သက်ပြီး လေ့လာရပါတယ်။ Programming Language အားလုံး၏ အခြေခံ သဘောတရားမှ အရေးကြီးသော Object Direction ထိ သင်ကြားပေးမှာ ဖြစ်ပါသည်။ Smart Phone များတွင် အသုံးပြုနေသည့် Application များသည်လည်း Java ကို အခြေခံပြီး ရေးသားထားခြင်း ဖြစ်ပါသည်။ Programmer တစ်ယောက်အနေဖြင့် ရပ်တည် အလုပ်လုပ်ကိုင်ရန်အတွက် လိုအပ်သော ITPEC စာမေးပွဲဖြေဆိုအောင်မြင်ရန် သင်ကြားပေးမှာဖြစ်တဲ့အတွက် ကြိုးစားပြီး သင်ယူရမှာ ဖြစ်ပါတသည်။

OJT / Project
OJT / Project

စာသင်နှစ် ဒုတိယနှစ်မှာတော့ OJT / Project လက်တွေ့လေ့ကျင့်မှု ဘာသာရပ်နှစ်ခုကို လုပ်ဆောင်ရပါမည်။ OJT က အမှန်တကယ် လုပ်ငန်းခွင်မှာအတိုင်း System တွေကို လက်တွေ့လုပ်ဆောင်ရမှာ ဖြစ်ပါသည်။ Project မှာတော့ Android Application, Game စသဖြင့် မိမိဖန်တီးချင်တဲ့ System ကို စဉ်းစားပြီး document တွေနှင့် ပြုလုပ်ရမည့် အဆင့်ဆင့်ကို ကိုယ်တိုင်ပုံဖော်ပြီး လက်တွေ့စမ်းသပ်၍ နောက်ဆုံးမှာတော့ မိမိပြုလုပ်ထားသော System ကို တင်ပြရမှာဖြစ်ပါသည်။ အဖွဲ့အလိုက် Project လုပ်ဆောင်ခြင်းနှင့် တစ်ဦးချင်စီအလိုက် Project လုပ်ဆောင်ခြင်းတို့ကို ဆောင်ရွက်ကြရမှာ ဖြစ်ပါသည်။ စာသင်နှစ် နှစ်နှစ်တာအတွင်း သင်ကြားထားသမျှ ဘာသာရပ်တွေကို လက်တွေ့ပုံဖော်ရသော သင်ခန်းစာ ဖြစ်ပါသည်။

Advanced Course
上級コース

System Creator Course ကို ဆက်လက်ပြီး သင်ကြားချင်သူ ကျောင်းသား၊ ကျောင်းသူများအတွက် Advanced Course ( 3 နှစ် ) သင်တန်းကို ပြင်ဆင်နေပါသည်။ FE Level အထက် AP စာမေးပွဲကို ဆက်လက်ဖြေဆိုနိုင်ရန်အတွက် OJT ကို main အဖြစ် Programming ဘာသာရပ်တွေကို လက်တွေ့ရေးသားပြုလုပ်ပြီး ပိုမို အရည်အချင်းပြည့်ဝသော IT ပညာရှင်အဖြစ် လုပ်ငန်းခွင်ကို ဝင်ရောက်နိုင်ရန် ရည်ရွယ်ပါသည်။