Study Abroad Course!

"Adventure,the best way to learn"

Study in Japan Preparation Course(4 months course)

အချိန်တိုဖြင့် ဂျပန်နိုင်ငံသို့ပညာသင်သွားရောက်နိုင်မည့်အခွင့်အလမ်း

တစ်ကမ္ဘာလုံး၏ အာရုံစို်က်မှုကို ခံနေရပြီး အခွင့်အလမ်းများနှင့် အလားအလာကောင်းများရှိသည့် မြန်မာနိုင်ငံအား ဂျပန်နို်င်ငံလုပ်ငန်းရှင်များကလည်း အထူးအလေးထား အာရုံစို်က်နေကြပါသည်။ ဤအခြေအနေမျိုးတွင် ဂျပန်စာလည်း တက်ကျွမ်း၊ ဂျပန်ယဉ်ကျေးမှုလည်း နားလည်ပြီး ဂျပန်လုပ်ငန်းခွင် အတွေ့အကြုံရှိသည့် မြန်မာလူမျိုးများ အလွန်ပင်လိုအပ်နေပါသည်။ ယခုသင်တန်း၌ ဂျပန်နို်င်ငံသို့ ပညာသင်သွားရောက်ရန်အတွက် အခြေခံအကျဆုံး လိုအပ်ချက်ဖြစ်သည့် ဂျပန်စာအရည်အချင်း N5 ကို အောင်မြင်နိုင်သည့်အပြင် ဂျပန်ယဉ်ကျေးမှု၊ လုပ်ငန်းခွင်အတွင်း နေထိုင်ပြောဆိုမှု စသည့်တို့ကို သင်ကြားပေးမည်ဖြစ်ပြီး ပညာသင်သွားရောက်ရန် ပြင်ဆင်မှု 4 လခန့် ကြာမြင့်မှာဖြစ်ပါတယ်။

システムクリエーターコース(2年)

သင်ယူရမည့်အကြောင်းအရာ

3 လခန့်ဖြင့် N5 အဆင့်ကို အောင်မြင်ပြီးမြောက်နိုင်ခြင်း
OJT / Project

ဂျပန်နိုင်ငံသို့ ပညာသင်သွားရောက်ရန်အတွက် JLPT (သို့မဟုတ်) NAT-Test N5 အောင်မြင်ထားရန် လိုအပ်ပါသည်။ 3 လတာကာလအတွင်း N5 အောင်လက်မှတ်ရရှိအောင် စနစ်တကျသင်ကြားပို့ချပေးပါမည်။

စာရွက်စာတမ်းများကို လမ်းညွှန်စီစဉ်ပေးခြင်း
JAVAベーシック

ပညာသင်သွားရောက်ရန်အတွက် ကျောင်းဝင်ခွင့် လျှောက်လွှာ၊ ပညာရေးဆိုင်ရာ အထောက်အထားလက်မှတ်များနှင့် အခြားသော လိုအပ်သည့်စာရွက်စာတမ်းများကို မည်သည့်အချိန်၌ ပြင်ဆင်ထားရမည်ကိုလည်း လမ်းညွှန်ဆောင်ရွက်ပေးပါသည်။

စကားပြောလေ့ကျင့်သင်ကြားပေးခြင်း
ITPEC 試験対策

ဂျပန်နိုင်ငံသို့ရောက်ရှိပြီးဂျပန်လူမျိုးများနှင့် ပေါင်းသင်းဆက်ဆံရာတွင် အခက်အခဲမရှိစေရန်နှင့်အချိန်ပိုင်းအလုပ်ရှာဖွေရာတွင် လွယ်ကူအဆင်ပြေစေရန် ကျောင်းလျှောက်လွှာ တင်ထားပြီးသော ကျောင်းသား ကျောင်းသူများအတွက် N5 – Level Speaking Class သင်တန်းကို အခမဲ့ သင်ကြားပေးမှာဖြစ်ပါတယ်။ ဂျပန်နိုင်ငံသို့ ပညာတော်သင် သွားရောက်ခဲ့ဖူးသော အတွေ့အကြုံရှိ ဆရာ ၊ ဆရာမများနှင့် ဂျပန်လူမျိုး ဆရာ၊ ဆရာမများက စကားပြော လေ့ကျင့် သင်ကြားပေးမှာဖြစ်ပါတယ်။

ဂျပန်နိုင်ငံ ပညာသင်နှင့် အခွင့်အလမ်း
OJT / Project

ဂျပန်နိုင်ငံ၌ ဂျပန်စာသင်တန်းကျောင်း ၄၀၀ ကျော်ရှိသည့်အနက်မှ နေရာဒေသ၊ ပညာသင်စရိတ်၊ အဆောင်နေထိုင်မှု၊ သင်တန်းပြီးမြောက်ပြီးနောက် ဆက်လက်တက်ရောက်နိုင်မည့် တက္ကသိုလ်၊ကောလိပ်အခွင့်အလမ်းနှင့် အချိန်ပိုင်းအလုပ်အကိုင် ကူညီရှာဖွေပေးမှုများ အစရှိသော ကိစ္စရပ်များကို တစ်ဦးချင်းစီအလိုက် ဆွေးနွေးပေးမည်ဖြစ်ပါသောကြောင့် မိမိကြိုက်နှစ်သက်သောကျောင်းကို ရွေးချယ်နိုင်ပါသည်။