ဂျပန်စာသင်တန်း

"Learn a language to transform the mind..."

Regular Japanese Language Course(6.5 months)

Grammer, Kanji နှင့် Speaking တွေ တက်မြောက်လာသည့်အခါ

ဂျပန်ဘာသာ၏ Grammer ဖွဲ့စည်းပုံသည် မြန်မာဘာသာ Grammer ဖွဲ့စည်းပုံနှင့် ဆင်တူသည့်အတွက် မြန်မာလူမျိုးများအနေဖြင့် ဂျပန်ဘာသာရပ်သည် လေ့လာရလွယ်ကူသည့် ဘာသာစကားတစ်ခု ဖြစ်ပါသည်။ ဂျပန်နိုင်ငံကို သွားကြည့်ချင်လိုက်တာ၊ ဂျပန်တေးဂီတတွေကို နားထောင်ချင်လိုက်တာ၊ ဂျပန်ကာတွန်းကား၊ ကားတွန်းစာအုပ်တွေကို ဖတ်ကြည့်ချင်လိုက်တာ၊ ဂျပန်လူမျိုးများနှင့် အတူလက်တွဲပြီး အလုပ်အကိုင်များကို လုပ်ကိုင်ချင်လိုက်တာ စသည့်ဖြင့် ဂျပန်ဘာသာရပ်ကို လေ့လာရာမှာ ရည်ရွယ်ချက်အမျိုးမျိုး ရှိကြပါသည်။ ဂျပန်ဘာသာစကား သင်ယူသည့်အချိန်တွင် အတူတကွလေ့လာမည့် သူငယ်ချင်းများ ရှိမည်ဆိုပါက ပို၍ စိတ်ဝင်စားစရာ ကောင်းပါလိမ့်မည်။

システムクリエーターコース(2年)

သင်ယူရမည့်အကြောင်းအရာ

လိုက်လျော်ညီထွေပြင်ဆင်ထားရှိသည့် စာသင်ချိန်များ
OJT / Project

ဂျပန်ဘာသာဆိုင်ရာ အောင်လက်မှတ်များ ရရှိရန်အတွက် Grammer နှင့် Kanji သင်ခန်းစာများအပြင် လက်တွေ့ပြောဆို သုံးနှုန်းတက်စေရန်အတွက်လည်း Speaking သင်ခန်းစာများကိုလည်း မဖြစ်မနေ လေ့ကျင့်ရမည် ဖြစ်ပါသည်။ Grammer ပိုင်းနှင့် Speaking ပိုင်းပါ လိုက်လျောညီထွေဖြစ်သော စာသင်ချိန်ကို ပြင်ဆင်ထားပါသည်။

အခြေခံမှစ၍ အဆင့်မြင့် Level အထိ သင်တန်းများ
OJT / Project

ဂျပန်ဘာသာကို အခြေခံမှ စတင်လေ့လာလိုသူများအတွက် N5 သင်တန်းမှ N2,N1 Level အထိ တန်းခွဲများကိုပါ ဖွင့်လှစ်ထားပါသည်။ JLPT စာမေးပွဲအတွက် အကြိုပြင်ဆင်မှုသင်တန်းများ၊ အုပ်စုအဖွဲ့လိုက် ဝန်ထမ်းများအတွက် သီးသန့်သင်တန်းများကိုလည်း သင်တန်းများ၏ လိုအပ်ချက်နှင့်အညီ ဖွင့်လှစ်သင်ကြားပေးလျှက် ရှိပါသည်။

ဆရာ၊ဆရာမများ၏ စည်းစနစ်ကျနသော သင်ကြားမှု
OJT / Project

ဂျပန်နိုင်ငံမှ သင်ကြားရေးဆရာအဖြစ် အသိအမှတ်ပြု အောင်လက်မှတ် ရရှိထားသော ဂျပန်လူမျိုး ဆရာ၊ဆရာမများနှင့် အတွေ့အကြုံရင့် မြန်မာလူမျိုး ဆရာ၊ဆရာမများ၏ မတူညီသော သင်ကြားရေး အားသာချက်များဖြင့် ဂျပန်ဘာသာကို လေ့လာသင်ယူနိုင်ပါသည်။

ဂျပန်ယဉ်ကျေးမှုကို ထိတွေ့ခံစားခြင်း
OJT / Project

ဂျပန်ဘာသာစကားကို လေ့လာခြင်းဖြင့် ဂျပန်ယဉ်ကျေးမှု အစဉ်အလာတွေကို ပိုပြီး နီးကပ်စွာ ထိတွေ့ခံစားနိုင်မည်ဖြစ်ပါသည်။ ဂျပန်နိုင်ငံ၏ အခြေအနေ၊ လူနေမှုဘဝ၊ ယဉ်ကျေးမှုဓလေ့ထုံးစံ၊ ရုပ်ရှင်ဂီတများကိုလည်း လေ့လာနိုင်စေရန် ပြင်ဆင်ပေးထားပါသည်။