WEB Engineer Course

"Make Beautiful Things!"

WEB ENGINEER COURSE(2 year course)


Website များကို ဖန်တီးခြင်း

IT နည်းပညာများ တိုးတက်လာနေတဲ့ ယနေ့ခေတ်မှာ Website များကို ဖန်တီးရေးသားတဲ့ IT နည်းပညာကလည်း မျက်မှောက်ခေတ်ရဲ့ စီးပွားရေးလုပ်ငန်းများမှာ လွန်စွာအသုံးဝင်လှပါသည်။ Website များသည် နေရာ၊ အချိန်အခါမရွေး မည်သူမဆို ဝင်ရောက်ကြည့်ရှုနိုင်သည့် Internet စာမျက်နှာများဖြစ်ပြီး ယခုအချိန်တွင် ပုံနှိပ်ကြော်ငြာများနှင့်အလားတူ အောင်မြင်သည့် ကြော်ငြာနည်းလမ်းတစ်မျိုးလည်း ဖြစ်ပါသည်။ Metro မှာ Web Engineer Course ကို လေ့လာသင်ယူပြီး Web Developer ကောင်းတစ်ယောက်အဖြစ် ရပ်တည်ချင်လိုသူများအတွက် သင်ရိုးညွန်တမ်းများ စနစ်တကျ စီစဉ်ထားရှိပါသည်။

システムクリエーターコース(2年)

သင်ယူရမည့်အကြောင်းအရာ


IP Preparation
ITPEC 試験対策

ITPEC IT Passport ( IP ) အောင်လက်မှတ်က PC ကို အသုံးပြုပြီး အလုပ်လုပ်ကိုင်နေသော ဝန်ထမ်းတိုင်း ဖြေဆိုသင့်တဲ့စာမေးပွဲဖြစ်ပါတယ်။ File size တွေ Data သိမ်းပုံသိမ်းနည်းတွေ၊ Internet နှင့် ပတ်သက်သော လုပ်ဆောင်ပုံ၊ Security ပိုင်းဆိုင်ရာ အစရှိသဖြင့် IT နှင့် ပတ်သက်သော ဗဟုသုတတွေကို လေ့လာရပါသည်။

Design Study
ITPEC 試験対策

Design ကိုလေ့လာခြင်းနှင့် Design Applications တွေ အသုံးပြုခြင်းတွေကို လေ့လာခြင်းဆိုတဲ့ ပညာရပ်ကို ရောထွေးနေပါသလား? Design ဆိုတာ သင်ကြားရုံနှင့် မတတ်မြောက်ဘဲ အနုပညာစိတ်ကူးစိတ်သန်းရှိတဲ့ လူပဲလုပ်နိုင်တယ်လို့ ထင်မြင်မိပါသလား? အဲဒါက အလွန်လွဲမှားနေတဲ့ အယူအဆပဲ ဖြစ်ပါသည်။အရောင်ရွေးချယ်မှု၊ စာလုံးအနေအထား၊ နေရာအယူအဆ အစရှိသဖြင့် အားလုံးမှာ သက်မှတ်ချက် ပုံသေနည်းရှိပြီး ဒီပညာကို လေ့လာပါက မည်သူမဆို အကောင်းဆုံးဒီဇိုင်းတွေကို ပြုလုပ်နိုင်မှာဖြစ်ပါသည်။

PHP Programming
OJT / Project

Homepage တစ်ခုကို ဖန်တီးရာမှာ Database နှင့် ချိတ်ဆက်ရန်အတွက် အသုံးအများဆုံး Programming Language တစ်ခုဖြစ်ပါတယ်။ Java Basic ကို သင်ယူတတ်မြောက်ပြီးနောက် လေ့လာသင်ယူရမှာဖြစ်တဲ့အတွက် နားလည်လွယ်ကူစွာ သင်ယူနိုင်မှာဖြစ်ပါသည်။

MBC နှင့် ပူးပေါင်းသင်ကြားမှု
JAVAベーシック

ဒုတိယစာသင်နှစ်၌ Project ပြုလုပ်ရပြီး ဂျပန်နိုင်ငံရှိ Metro IT Business College မှ Web Engineer ဆရာများမှ အကဲဖြတ်ဆုံးဖြတ်ပေးမည်ဖြစ်ပါသည်။ Web Developer တစ်ယောက်အဖြစ် ယုံကြည်မှုအပြည့်နှင့် ရပ်တည်နိုင်ရန် ယခုအချိန်သည် အခွင့်အခါကောင်းဖြစ်ပါသည်။